Saturday, 20 December 2008
Wednesday, 17 December 2008
Saturday, 13 December 2008
မင်းအတွက်
နံနက်ခင်းဟာ.... အိမ်ပြတင်းကို တံခါခေါက်စဉ်
သစ်ကိုင်းပေါ်က သီချင်းဆိုတဲ့ငှက်ကလေး အဖြစ်
ငါ ရှိနေပါရစေ ...။
မင်းနိုးလာရင်တော့ တိတ်တိတ်လေး
ဟိုး... အဝေးကို ပျံသွားပါမယ် ...။
အဖော်မဲ့တဲ့ ညများမှာ
ကောင်းကင်ထက်က
စကားပြောဖော် ကြယ်ကလေး အဖြစ်
ငါ ရှိနေပါရစေ ...
မွန်းကျပ်မှုတွေ နင်နာကျင်နေတဲ့အခါ သတိရတမ်းတလိုက်ပါ
အပြာရောင် အိမ်မက်တွေ နှင့်အတူ
မင်းအနားကို ရောက်လာမယ် ...။
အောင်မြင် ပျော်ရွှင်နေချိန်မှာ ...
မင်းအပြုံးကို မှန်းဆကြည်နူးရင်
ငါကျေနပ်နေမယ် ...။
ရှူံးနှိမ့်ကြေကွဲချိန်မှာ
အားပေးစာနာသော အပြုံးများ
မင်းအပါးမှာ ...ရှိနေနိုင်ပါစေ ...
ဆုတောင်းဆိုတာ မပြည့်ခဲ့တဲ့ငါ အတွက်
နောင်ဘ၀ ဆိုတာ ရှိခဲ့ရင်လေ ...
မင်း အချစ်တွေနဲ့ ငါရှင်သန်နိုင်ပါစေ
ပြီးတော့ ......
ကြိတ်မှိတ် လွမ်းဆွတ်ခြင်းမှ ဝေးပါစေလို့ 
ငါဆုတောင်းလိုက်ပါတယ် ...........!
သစ်ကိုင်းပေါ်က သီချင်းဆိုတဲ့ငှက်ကလေး အဖြစ်
ငါ ရှိနေပါရစေ ...။
မင်းနိုးလာရင်တော့ တိတ်တိတ်လေး
ဟိုး... အဝေးကို ပျံသွားပါမယ် ...။
အဖော်မဲ့တဲ့ ညများမှာ
ကောင်းကင်ထက်က
စကားပြောဖော် ကြယ်ကလေး အဖြစ်
ငါ ရှိနေပါရစေ ...
မွန်းကျပ်မှုတွေ နင်နာကျင်နေတဲ့အခါ သတိရတမ်းတလိုက်ပါ
အပြာရောင် အိမ်မက်တွေ နှင့်အတူ
မင်းအနားကို ရောက်လာမယ် ...။
အောင်မြင် ပျော်ရွှင်နေချိန်မှာ ...
မင်းအပြုံးကို မှန်းဆကြည်နူးရင်
ငါကျေနပ်နေမယ် ...။
ရှူံးနှိမ့်ကြေကွဲချိန်မှာ
အားပေးစာနာသော အပြုံးများ
မင်းအပါးမှာ ...ရှိနေနိုင်ပါစေ ...
ဆုတောင်းဆိုတာ မပြည့်ခဲ့တဲ့ငါ အတွက်
နောင်ဘ၀ ဆိုတာ ရှိခဲ့ရင်လေ ...
မင်း အချစ်တွေနဲ့ ငါရှင်သန်နိုင်ပါစေ
ပြီးတော့ ......
ကြိတ်မှိတ် လွမ်းဆွတ်ခြင်းမှ ဝေးပါစေလို့ 
ငါဆုတောင်းလိုက်ပါတယ် ...........!
မင်းကြောင့်...................
မြင်ရုံလေးနဲ့ ဘဲ စွဲလမ်းနေခဲ့မိရင်
ကြားရုံလေးနဲ့ ဘဲတုန်လှုပ်နေခဲ့မိရင်
ပြုံးရုံလေးနဲ့ ဘဲ မြတ်နိုးခဲ့မိရင်
မင်းနဲ့ ပတ်သတ်သမျှ စဉ်စားမိရုံလေးဘဲ
သွေးပျက်မတတ်ချစ်နေမိရင်
ငါ့သွေးကြောတွေထဲ မင်းအရိပ်တွေ
ထိုးထွက်ပေါင်းစုံ ဆုံဆည်းခဲ့မိရင်
အချိန်တိုင်းမှာ ငါ မင်းကို
လွမ်းများလွမ်းတတ်နေခဲ့မိတာလား ...........?
ငါကိုငါတောင်မသိတော့ဘူး ကောင်မလေး ...... !
ကြားရုံလေးနဲ့ ဘဲတုန်လှုပ်နေခဲ့မိရင်
ပြုံးရုံလေးနဲ့ ဘဲ မြတ်နိုးခဲ့မိရင်
မင်းနဲ့ ပတ်သတ်သမျှ စဉ်စားမိရုံလေးဘဲ
သွေးပျက်မတတ်ချစ်နေမိရင်
ငါ့သွေးကြောတွေထဲ မင်းအရိပ်တွေ
ထိုးထွက်ပေါင်းစုံ ဆုံဆည်းခဲ့မိရင်
အချိန်တိုင်းမှာ ငါ မင်းကို
လွမ်းများလွမ်းတတ်နေခဲ့မိတာလား ...........?
ငါကိုငါတောင်မသိတော့ဘူး ကောင်မလေး ...... !
ချစ်သူမျက်နှာ ကုမုဒြာ....................
ည ... ဆိုတာဒုက္ခရယ် သောကရယ်
ပြည်နှက်နေတယ်လို့ ဘဲ ဆိုကြပါစို့  ............
ချစ်သူ့  မျက်နှာလေးက ကုမုဒြာ ကြာပန်းလေး
လို့ ဘဲဆိုကြပါစို့  .......
ညအခါ လသာမှ ချစ်သူမျက်နှာ
ကုမုဒြာကို တွေ့ ရမယ် ဆိုရင်တော့ ....
အော် ..............
ကို ဆုတောင်းလိုက်ပါရစေ ......
ကို ဘ၀ မှာ ည အသင်္ချေ ဖြစ်ပါစေလို့  ............
ပြည်နှက်နေတယ်လို့ ဘဲ ဆိုကြပါစို့  ............
ချစ်သူ့  မျက်နှာလေးက ကုမုဒြာ ကြာပန်းလေး
လို့ ဘဲဆိုကြပါစို့  .......
ညအခါ လသာမှ ချစ်သူမျက်နှာ
ကုမုဒြာကို တွေ့ ရမယ် ဆိုရင်တော့ ....
အော် ..............
ကို ဆုတောင်းလိုက်ပါရစေ ......
ကို ဘ၀ မှာ ည အသင်္ချေ ဖြစ်ပါစေလို့  ............
သို့  ..........................!
တစ်နေရာဆီဝေး ပြန်မဆုံသေးလည်း
တစ်နေ့ မှ မေ့မရဘူး ချစ်သူရယ် ....
အချိန်တိုင်း သတိရပါလို့ မမှာချင်ပါဘူး
ဒါပေမဲ့ .....
တိုက်ဆိုင်မုလေးတွေ ရှိရင်တော့ သတိရပေးရပါနော် ......
တစ်နေ့ မှ မေ့မရဘူး ချစ်သူရယ် ....
အချိန်တိုင်း သတိရပါလို့ မမှာချင်ပါဘူး
ဒါပေမဲ့ .....
တိုက်ဆိုင်မုလေးတွေ ရှိရင်တော့ သတိရပေးရပါနော် ......
Subscribe to:
Posts (Atom)