Wednesday 17 December 2008

နေတိုင်းတော့ မဟုတ်ပါဘူး ........
တစ်ပတ်မှာ (၇) ရက်လောက်တော့ မင်းကို သတိရနေတယ် ....
အဲဒါ ငါအပြစ်မဟုတ်ဘူးနော် ......
မင်း အပြစ်နော် ....
ဟုတ်တယ်လေ မင်းက ငါမျက်စိထဲမှာ အရမ်းလှနေလို့ ........
ထင်တာကိုတော့ မသိဘူး မြင်တာကို ပြောရရင်
မင်းက အရမ်းလှတယ် ................!
လူဆိုတာ စက်ရုပ်မဟုတ်ဘူး ကောင်မလေး ..........
ချစ်တတ်တဲ့ အသဲနှလုံးတော့ရှိတယ် ...........
အချစ်ပတ်သက်လာရင် မင်းရဲ့ ဦနှောက်ကိုပဲ လိမ်လို့ ရမယ် ကောင်မလေး...
မင်းရဲ့ နှလုံးသားကိုလိမ်လို့ မရဘူး ကောင်မလေး ...........
ရင်ခုန်သံတွေ သက်သေရှိတယ် .....
မင်းရဲ့ ရင်ခုန်သံတွေကို ကြားနေရတယ် ကောင်မလေး ...........!

WINYANKHA

သူငယ်ချင်းအားလုံးအတွက် .................


Saturday 13 December 2008

မင်းအတွက်

နံနက်ခင်းဟာ.... အိမ်ပြတင်းကို တံခါခေါက်စဉ်
သစ်ကိုင်းပေါ်က သီချင်းဆိုတဲ့ငှက်ကလေး အဖြစ်
ငါ ရှိနေပါရစေ ...။
မင်းနိုးလာရင်တော့ တိတ်တိတ်လေး
ဟိုး... အဝေးကို ပျံသွားပါမယ် ...။
အဖော်မဲ့တဲ့ ညများမှာ
ကောင်းကင်ထက်က
စကားပြောဖော် ကြယ်ကလေး အဖြစ်
ငါ ရှိနေပါရစေ ...
မွန်းကျပ်မှုတွေ နင်နာကျင်နေတဲ့အခါ သတိရတမ်းတလိုက်ပါ
အပြာရောင် အိမ်မက်တွေ နှင့်အတူ
မင်းအနားကို ရောက်လာမယ် ...။
အောင်မြင် ပျော်ရွှင်နေချိန်မှာ ...
မင်းအပြုံးကို မှန်းဆကြည်နူးရင်
ငါကျေနပ်နေမယ် ...။
ရှူံးနှိမ့်ကြေကွဲချိန်မှာ
အားပေးစာနာသော အပြုံးများ
မင်းအပါးမှာ ...ရှိနေနိုင်ပါစေ ...
ဆုတောင်းဆိုတာ မပြည့်ခဲ့တဲ့ငါ အတွက်
နောင်ဘ၀ ဆိုတာ ရှိခဲ့ရင်လေ ...
မင်း အချစ်တွေနဲ့ ငါရှင်သန်နိုင်ပါစေ
ပြီးတော့ ......
ကြိတ်မှိတ် လွမ်းဆွတ်ခြင်းမှ ဝေးပါစေလို့ 
ငါဆုတောင်းလိုက်ပါတယ် ...........!

ချစ်တတ်သူများ မင်္ဂလာပါ............!